Empowering the Burmese Language in the Age of Artificial Intelligence.
မြန်မာဘာသာစကားကို AI ခေတ်ရဲ့ နည်းပညာစံနှုန်းတွေနဲ့အညီ မြှင့်တင်ပေးဖို့။
DatarrX ဆိုတာ မြန်မာဘာသာစကားအတွက် Natural Language Processing (NLP) နဲ့ Machine Learning (ML) နည်းပညာတွေ ပိုမိုဖွံ့ဖြိုးလာအောင် လုပ်ဆောင်နေတဲ့ Open-source NGO တစ်ခု ဖြစ်ပါတယ်။ နည်းပညာအသုံးပြုရာမှာ ဘာသာစကားဟာ အဟန့်အတားတစ်ခု မဖြစ်စေရန်နှင့် မြန်မာ့နည်းပညာအသိုက်အဝန်းအတွက် ခိုင်မာသော ဒစ်ဂျစ်တယ်အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရန် ကျွန်ုပ်တို့ ရည်မှန်းပါတယ်။
DatarrX is an open-source non-profit organization dedicated to advancing Natural Language Processing (NLP) and Machine Learning (ML) for the Burmese language. We believe that language should not be a barrier to technology, and our goal is to build a robust digital foundation for the Myanmar tech community.
အရည်အသွေးမြင့်တဲ့ မြန်မာစာ Dataset တွေနဲ့ AI အရင်းအမြစ်တွေကို လူတိုင်း လွတ်လပ်စွာ (Open-source) အသုံးပြုနိုင်အောင် ဖန်တီးပေးပြီး မြန်မာ့နည်းပညာလောကကို အရှိန်အဟုန်မြှင့်တင်ပေးရန်။
(To create and distribute high-quality, open-source Burmese datasets and AI resources to accelerate innovation within the local tech ecosystem.)
မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ အားကိုးရဆုံး "Open-source NLP Data Hub" (မြန်မာစာ ဒေတာဘဏ်ကြီး) တစ်ခု ဖြစ်လာစေရန်။
(To become Myanmar’s leading and most trusted hub for open-source NLP data and resources.)
- Open Datasets: AI model တွေ သင်ကြားဖို့အတွက် လိုအပ်တဲ့ မြန်မာစာနဲ့ အသံဆိုင်ရာ ဒေတာတွေကို အများကြီး စုဆောင်းတည်ဆောက်ပါတယ်။
(Building comprehensive text and audio corpora for training sophisticated Burmese AI models.) - Localization: ကမ္ဘာ့အဆင့်မီ AI နည်းပညာနဲ့ စာရွက်စာတမ်းတွေကို မြန်မာလူငယ်တွေ အလွယ်တကူ လေ့လာနိုင်အောင် မြန်မာဘာသာစကားနဲ့ ပြန်ဆိုပေးပါတယ်။
(Translating and adapting world-class AI/ML documentation and tools to make them accessible in Burmese.) - Community Building: မြန်မာစာနဲ့ နည်းပညာကို ချစ်မြတ်နိုးသူတိုင်း အတူတူ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် Platform တစ်ခု ဖြစ်အောင် ကြိုးစားနေပါတယ်။
(Providing a collaborative platform for tech enthusiasts and linguists to grow the Burmese AI landscape together.)
- Openness (ပွင့်လင်းမှု): ကျွန်တော်တို့ လုပ်သမျှဟာ လူတိုင်းအတွက် အခမဲ့နဲ့ လွတ်လပ်စွာ အသုံးပြုနိုင်ရမယ်။ (Everything we create is free and accessible to all.)
- Accuracy (တိကျမှု): အရည်အသွေးရှိပြီး မှန်ကန်တဲ့ ဒေတာတွေဖြစ်ဖို့ အမြဲ ဦးစားပေးတယ်။ (We prioritize high-quality, accurate data in all our projects.)
- Collaboration (လက်တွဲဆောင်ရွက်မှု): တစ်ယောက်တည်းထက် Community တစ်ခုလုံး စုပေါင်းအင်အားနဲ့ တိုးတက်ဖို့ ယုံကြည်တယ်။ (We believe in the power of the community to drive collective progress.)
"DatarrX ကို တည်ထောင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ မြန်မာစာဟာ ဒီဂျစ်တယ်ခေတ်ရဲ့ နည်းပညာရေစီးကြောင်းထဲမှာ အဆင့်အတန်းမြင့်မြင့်နဲ့ ပါဝင်နေစေချင်လို့ပါ။ ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး မြန်မာ့ AI လောကကို ပုံဖော်ကြပါမယ်။"
"The core reason behind founding DatarrX is to ensure the Burmese language holds a prestigious place in the digital age. Let’s collaborate and shape the future of Burmese AI together."
— Khant Sint Heinn(Kalix Louis), Founder of DatarrX
သင်က Developer တစ်ယောက် ဖြစ်စရာ မလိုပါဘူး။ မြန်မာစာ တိုးတက်ရေးမှာ ပါဝင်ချင်တဲ့ စိတ်ရှိရင်ပဲ လုံလောက်ပါပြီ။ ဒေတာတွေ ကူစုပေးမလား၊ ဘာသာပြန်ပေးမလား၊ ဒါမှမဟုတ် အကြံဉာဏ်တွေ ပေးမလား။ DatarrX က သင့်ကို အမြဲ ကြိုဆိုနေပါတယ်။
Whether you're a developer, a linguist, or a tech enthusiast, we welcome your contribution. Help us gather data, translate resources, or share your insights—every bit of help counts!
Contact & Follow Us: